- 2 views
GED လား? IGCSE လား? အရွယ်ကြီးပြီး၊ အတန်းနောက်ကျနေတဲ့ ကလေးတွေ၊ အထက်တန်းပညာရေးမပြီးဆုံးလိုက်တဲ့ ကျောင်းသားတွေအတွက် ဒီစာမေးပွဲနှစ်ခုက ရွေးချယ်စရာဖြစ်လာပါတယ်။ ဒါ့အပြင် ဒီလိုကလေးမိဘတွေအနေနဲ့ လတ်တလော လူပြောများနေတဲ့ စာမေးပွဲ နှစ်ခုကြားမှာ ဘယ်ပညာရပ်ကို ရွေးချယ်စေပြီး၊ ဘာဆက်လုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီး စဉ်းစားစရာဖြစ်လာပါတယ်။ ဒီတစ်ပတ် Exclusive အစီအစဉ်မှာတော့ ဒီစာမေးပွဲနှစ်ခုနဲ့ပတ်သက်ပြီး စဉ်းစားချင့်ချိန်ရွေးချယ်စရာ အကြောင်းအရာတချို့ကို ဝေမျှဖို့အတွက် ပြည်တွင်းက နိုင်ငံတကာပညာရေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့FAI Education Consulting က Founder ကိုဇော်ဦးနဲ့ ဆွေးနွေးထားတာကိုတင်ဆက်လိုက်ပါတယ်။
