Site branding

Home

Main navigation

  • Home
  • လူမှုဘ၀
  • သတင်းနှင့်ဖျော်ဖြေရေး
  • အင်တာဗျုး
  • ရုပ်သံဆောင်းပါး
  • ပေါ့တ်ကတ်စ် (Podcast)
  • ဒစ်ဂျစ်တယ် အသိပညာ
  • Travel (opens in new tab)
  • About Us

Breadcrumbs

Breadcrumb

  • Home
  • အလုပ် နှစ်ခုနဲ့ လူငယ်တွေ (သို့မဟုတ်) Side Hustle နဲ့ ရပ်တည်ခြင်း

Main page content

By yangonpedia | August 9, 2026
  • 5 views
Side Hustle နဲ့ ရပ်တည်ခြင်း

မနက်ပိုင်းမှာ ရုံးဝန်ထမ်းတစ်ယောက်ဖြစ်ပြီး ညဘက်ရောက်ရင် Online Seller အွန်လိုင်းကနေ ပစ္စည်းရောင်းချသူ ဖြစ်သွားတဲ့သူတွေရှိပါတယ်။ 

လူငယ်တချို့က တနင်္လာကနေ သောကြာအထိ ရုံးတက်ပြီးတဲ့အခါ တက်ပြီး စနေ၊ တနင်္ဂနွေမှာ Food Delivery (အစားအသောက်ပို့ဆောင်ရေး) လိုက်တဲ့သူရှိတယ်။ တစ်ချို့ကတော့ နေ့ဘက်မှာ Company တစ်ခုအတွက် အလုပ်လုပ်ပြီး ညဘက်မှာ Freelance Designer အလွတ်တမ်း ဒီဇိုင်းဝန်ဆောင်မှုပေးသူ၊ Content Creator (ဒစ်ဂျစ်တယ်အကြောင်းအရာ ဖန်တီးသူ) ဒါမှမဟုတ် Tutor (သင်ကြားပေးသူ) အဖြစ် အလုပ်လုပ်ကြတယ်။

ဒီလိုလူတွေထဲမှာ တချို့အတွက် အိမ်လခနဲ့ စားစရိတ်ကို ဖြည့်ဖို့လိုတာ၊ တချို့အတွက် အကြွေးဆပ်ဖို့လိုတာ၊ တချို့က မိသားစုကို ပြန်ထောက်ပံ့ဖို့ လိုတာ။ တချို့ကတော့ တစ်ခုတည်းသော လစာအပေါ် မှီခိုရတာ မလုံခြုံတော့ဘူးလို့ ခံစားလာရတာပါ။

ဒီလိုနဲ့ လူငယ်တစ်ယောက်ရဲ့ တစ်နေ့ဟာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ အလုပ်တစ်ခု၊ ညနေ ၆ နာရီကနေ ည ၁၀ နာရီအထိ နောက်ထပ်အလုပ်တစ်ခုဆိုတဲ့ "Two-job life" (အလုပ်နှစ်ခုနဲ့ နေထိုင်ရတဲ့ဘဝ) ဖြစ်လာနေပါတယ်။

"ရုံးဆင်းပြီးရင် အလုပ်ပြီးပြီ" ဆိုတာ မရှိဘူး

နယူးယောက်မှာ ဆေးရုံတစ်ခုမှာ ညပိုင်းတာဝန်ထမ်းဆောင်နေတဲ့ သူနာပြု Vivian Ezugwu က နေ့ဘက်မှာ ကျောင်းသူနာပြု အဖြစ် အပိုအလုပ်ထပ်လုပ်နေပါတယ်။ သူမအတွက် အပိုဝင်ငွေဟာ ပိုက်ဆံပိုရဖို့ထက် ဈေးကြီးတဲ့မြို့မှာ နေထိုင်ရတဲ့ဘဝကို ပိုလုံခြုံစေဖို့ ဖြစ်ပါတယ်။ Bankrate ရဲ့ 2025 Side Hustle Survey (ပင်မအလုပ်အပြင် အပိုအလုပ်လုပ်နေမှုအပေါ် စစ်တမ်း) မှာ သူမက အပိုဝင်ငွေက စိတ်အေးချမ်းမှုတစ်မျိုး ပေးတယ်လို့ ရှင်းပြထားပါတယ်။

ဒါဟာ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခု မဟုတ်တော့ပါဘူး။

အမေရိကန်နိုင်ငံမှာ ၂၀၂၅ ခုနှစ်အတွင်း အရွယ်ရောက်သူ ၂၇ ရာခိုင်နှုန်း က ပင်မဝင်ငွေအပြင် အပိုအလုပ်တစ်ခု သို့မဟုတ် အပိုဝင်ငွေရလမ်းတစ်ခု ရှိတယ်လို့ Bankrate ရဲ့ စစ်တမ်းမှာ တွေ့ရှိခဲ့ပါတယ်။

အသက်အရွယ်အလိုက် ကြည့်မယ်ဆိုရင် မျိုးဆက်သစ်လူငယ်တွေ မှာ ၃၄ ရာခိုင်နှုန်း၊ မီလန်နီယယ်မျိုးဆက် မှာ ၃၁ ရာခိုင်နှုန်း ရှိပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အပိုအလုပ်လုပ်သူ အချိုးအစားက လျော့ကျလာပြီး မျိုးဆက်အလယ်ပိုင်းမှာ ၂၃ ရာခိုင်နှုန်း နဲ့ ဘေဘီဘူမ်မာမျိုးဆက် (၁၉၄၆ ခုနှစ်ကနေ ၁၉၆၄ ခုနှစ်အတွင်း မွေးဖွားသူတွေမှာ ၂၂ ရာခိုင်နှုန်း ရှိပါတယ်။



အပိုအလုပ်တွေထဲမှာ Online Selling (အွန်လိုင်းရောင်းချခြင်း)၊ Freelance Writing (အလုပ်ရှင်တစ်ဦးတည်းအတွက်မဟုတ်ဘဲ ကိုယ်ပိုင်အဖြစ် စာရေးဝန်ဆောင်မှုပေးခြင်း)၊ Graphic Design (ဂရပ်ဖစ်ဒီဇိုင်း)၊ Consulting (ကျွမ်းကျင်မှုအပေါ် အကြံပေးဝန်ဆောင်မှုပေးခြင်း) ကနေ Food Delivery (အစားအသောက်ပို့ဆောင်ခြင်း)၊ Pet Care (အိမ်မွေးတိရစ္ဆာန်စောင့်ရှောက်ခြင်း)၊ Tutoring (သင်ကြားပေးခြင်း) နဲ့ Ridesharing (ကားစီးမျှဝေဝန်ဆောင်မှု) အထိ အမျိုးမျိုးရှိပါတယ်။

ဒါပေမဲ့ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုရှိပါတယ်။

ဒီနေ့ခေတ် Side Hustle လုပ်သူတွေအားလုံးဟာ "ပိုချမ်းသာချင်လို့" အလုပ်ထပ်လုပ်နေကြတာ မဟုတ်ပါဘူး။ ဒါဆိုဘာအတွက်ဖြစ်နိုင်ပါသလဲ။

လူငယ်တွေ အလုပ်နှစ်ခုလုပ်လာတာကို "Hustle Culture" (အလုပ်ကို အချိန်ပြည့်နီးပါး အားစိုက်လုပ်ပြီး အောင်မြင်မှုနဲ့ ဝင်ငွေကို အမြင့်ဆုံးရအောင် ကြိုးစားတယ်ဆိုတဲ့ လူနေမှုအယူအဆ) တစ်ခုတည်းနဲ့ ရှင်းလို့မရပါဘူး။

  • တစ်ချို့အတွက် ဒုတိယအလုပ်ဟာ အိပ်မက်တစ်ခုကိုအကောင်အထည်ဖော်ဖို့ ဖြစ်သလိုတစ်ချို့အတွက်တော့ ကုန်ကျစရိတ်တွေကို ဖြည့်ဖို့ လိုအပ်ချက် ဖြစ်တယ်။

  • နောက်တစ်ချို့အတွက် အလုပ်တစ်ခုတည်းပေါ် မှီခိုရတာ မလုံခြုံတော့တဲ့အတွက် ဝင်ငွေကို ခွဲထားတဲ့ နည်းလမ်း ဖြစ်နေပါတယ်။

ဒါတွေအားလုံးအတွက်တူညီတဲ့ အဓိပ္ပာယ်ကတော့ တစ်ခုတည်းပါ။

Side Job ခေတ်ဟာ လူငယ်တွေ ပိုပြီး လွတ်လပ်လာတဲ့ အခြေအနေမျိုးတစ်ခုတည်း မဟုတ်ဘဲ၊ လစာတစ်ခုတည်းနဲ့ ဘဝကို ထိန်းသိမ်းဖို့ ပိုခက်လာတဲ့ ဇာတ်လမ်းလည်း ဖြစ်နေပါတယ်။

အမေရိကန်နိုင်ငံမှာ Bankrate ရဲ့ စစ်တမ်းအရ အပိုအလုပ်တွေထဲမှာ အွန်လိုင်းကနေ ပစ္စည်းရောင်းချတဲ့အလုပ် က ၁၅ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်ပါတယ်။ ကျွမ်းကျင်မှုအခြေပြု စီးပွားရေးဝန်ဆောင်မှုလုပ်ငန်း က ၁၄ ရာခိုင်နှုန်း၊ အစားအသောက်ပို့ဆောင်ရေးလုပ်ငန်း နဲ့ လက်မှုပစ္စည်းပြုလုပ်ရောင်းချတဲ့အလုပ် က ၉ ရာခိုင်နှုန်းစီ၊ အိမ်မွေးတိရစ္ဆာန်စောင့်ရှောက်ရေးလုပ်ငန်း က ၇ ရာခိုင်နှုန်းနဲ့ သင်ကြားပို့ချတဲ့အလုပ် က ၆ ရာခိုင်နှုန်း ရှိပါတယ်။

ဒီဖက်ခေတ်မှာ အဓိကပြောင်းလဲသွားတာက အလုပ်တစ်ခုရဖို့ Company တစ်ခုဆီ သွားရမယ့်ခေတ်ကနေ၊ ကိုယ့်မှာရှိတဲ့ Skill (ကျွမ်းကျင်မှု) ကို အလုပ်မျိုးစုံအဖြစ် ပြောင်းပြီး ရောင်းချနိုင်တဲ့ခေတ်ကို ရောက်လာတာပါ။


လူငယ်တွေ ဘာအလုပ်တွေ ထပ်လုပ်ကြသလဲ

Side Job တွေဟာ ရုံးအပြင်မှာ Part-time Job (အချိန်ပိုင်းအလုပ်) တစ်ခုလုပ်တာကနေ Digital Economy (ဒစ်ဂျစ်တယ်နည်းပညာအခြေပြု စီးပွားရေးစနစ်) ကြောင့် ပုံစံမျိုးစုံ ဖြစ်လာပါတယ်။

ဒစ်ဂျစ်တယ်အခြေပြု အပိုအလုပ်တွေ အနေနဲ့ အလွတ်တန်း ဂရပ်ဖစ်ဒီဇိုင်းလုပ်ခြင်း၊ ဗီဒီယိုတည်းဖြတ်ခြင်း၊ အွန်လိုင်းအကြောင်းအရာ ရေးသားခြင်း၊ လူမှုကွန်ရက်စာမျက်နှာ စီမံခန့်ခွဲခြင်း၊ ဓာတ်ပုံဝန်ဆောင်မှုပေးခြင်း၊ အွန်လိုင်းသင်ကြားပေးခြင်း၊ ဘာသာပြန်ခြင်း၊ ကွန်ပျူတာပရိုဂရမ် ရေးသားခြင်း၊ ဒစ်ဂျစ်တယ်အကြောင်းအရာ ဖန်တီးခြင်းနဲ့ အွန်လိုင်းကနေ ပစ္စည်းရောင်းချခြင်းတွေကို လုပ်ကိုင်ကြပါတယ်။

အမေရိကန် Bankrate ရဲ့ စစ်တမ်း အရ အပိုအလုပ်လုပ်သူတွေထဲမှာ အွန်လိုင်းကနေ ပစ္စည်းရောင်းချသူ ၁၅ ရာခိုင်နှုန်း နဲ့ အများဆုံးဖြစ်ပြီး၊ ကျွမ်းကျင်မှုအခြေပြု စီးပွားရေးဝန်ဆောင်မှုပေးသူ ၁၄ ရာခိုင်နှုန်း ရှိပါတယ်။ အစားအသောက်ပို့ဆောင်ခြင်းနဲ့ လက်မှုပစ္စည်းလုပ်ကိုင်ရောင်းချခြင်းက ၉ ရာခိုင်နှုန်းစီ၊ အိမ်မွေးတိရစ္ဆာန် စောင့်ရှောက်ပေးခြင်းက ၇ ရာခိုင်နှုန်း၊ သင်ကြားပေးခြင်းနဲ့ ကျူရှင်ပေးခြင်းက ၆ ရာခိုင်နှုန်း ရှိပါတယ်။

အပိုဝင်ငွေတွေကို ဘာလုပ်ကြသလဲ

Side Hustle ကနေ ရတဲ့ပိုက်ဆံကို လူတိုင်းက "စုဆောင်းပြီး ချမ်းသာအောင်လုပ်" နေကြတာ မဟုတ်ပါဘူး။ တကယ်တော့ အပိုဝင်ငွေဟာ လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝထဲကို တိုက်ရိုက်ဝင်သွားတတ်ပါတယ်။

Bankrate ရဲ့ 2025 အချက်အလက်အရ

  • ၃၅ ရာခိုင်နှုန်း က နေ့စဉ်လူနေမှုစရိတ်၊ အိမ်လခနဲ့ အစားအသောက်စတဲ့ အခြေခံအသုံးစရိတ်တွေအတွက် သုံးကြပါတယ်။
  • ၄၁ ရာခိုင်နှုန်း က အပန်းဖြေမှုနဲ့ မဖြစ်မနေမဟုတ်တဲ့ ကိုယ်ပိုင်ဝယ်ယူမှုတွေမှာ သုံးကြပါတယ်။
  • ၂၈ ရာခိုင်နှုန်း က အနည်းဆုံး တစ်စိတ်တစ်ပိုင်းကို စုဆောင်းကြပါတယ်။
  • ၂၀ ရာခိုင်နှုန်း က အကြွေးဆပ်ဖို့ အသုံးပြုကြပါတယ်။

ဒါကြောင့် Side Hustle ဝင်ငွေဟာ လူတစ်ယောက်ရဲ့ "ချမ်းသာဖို့ ပိုက်ဆံ" ဖြစ်နိုင်သလို "ဒီလကို ချောချောမွေ့မွေ့ ဖြတ်သန်းဖို့ ပိုက်ဆံ" လည်း ဖြစ်နိုင်ပါတယ်။

ပိုစိတ်ဝင်စားစရာကောင်းတာက Side Hustle လုပ်သူတွေရဲ့ ဝင်ငွေပမာဏပါ။

၂၀၂၅ ခုနှစ် အမေရိကန်နိုင်ငံမှာ အပိုအလုပ်ကနေ ရရှိတဲ့ဝင်ငွေဟာ တစ်လပျမ်းမျှ ဒေါ်လာ ၈၈၅ ရှိပါတယ်။ ဒါပေမဲ့ ဝင်ငွေတွေကို အနည်းဆုံးကနေ အများဆုံးအထိ စီလိုက်တဲ့အခါ အလယ်မှာကျတဲ့ ဝင်ငွေပမာဏက တစ်လ ဒေါ်လာ ၂၀၀ ပဲ ရှိပါတယ်။ Gen Z လူငယ်တွေရဲ့ အပိုအလုပ်ဝင်ငွေက တစ်လပျမ်းမျှ ဒေါ်လာ ၉၆၈ ရှိပေမယ့် ၄၀ ရာခိုင်နှုန်းကတော့ တစ်လ ဒေါ်လာ ၁ ကနေ ၅၀ အတွင်းသာ ရရှိကြပါတယ်။

ဒါကြောင့် ပျမ်းမျှဝင်ငွေက မြင့်မားနေသလို မြင်ရပေမယ့် အမှန်တကယ် လူအများစုရရှိနေတဲ့ ဝင်ငွေက အဲဒီပမာဏထက် အများကြီးနည်းနိုင်ပါတယ်။ဆိုလိုတာက Social Media ပေါ်မှာ မြင်ရတဲ့ "Side Hustle ကနေ တစ်လ ဒေါ်လာထောင်ချီရတယ်" ဆိုတဲ့ဇာတ်လမ်းတွေဟာ လူအများစုရဲ့ လက်တွေ့ဘဝကို ကိုယ်စားမပြုပါဘူး။

ဘယ်နိုင်ငံကလူငယ်တွေကပိုပြီး လုပ်နေရသလဲ

နိုင်ငံတိုင်းမှာ Side Job ရဲ့ ပုံစံနဲ့ ရပ်တည်ပုံတွေကမတူပါဘူး။

အမေရိကန် "အပိုဝင်ငွေ" နဲ့ "ရှင်သန်ရပ်တည်မှုစရိတ်"အမေရိကန်မှာ ၂၀၂၅ ခုနှစ်အတွင်း အရွယ်ရောက်သူ ၂၇ ရာခိုင်နှုန်း က ပင်မအလုပ်အပြင် အပိုအလုပ်တစ်ခု လုပ်ကိုင်နေကြပါတယ်။ Gen Z လူငယ်တွေမှာတော့ ၃၄ ရာခိုင်နှုန်း ရှိပြီး အသက်အုပ်စုတွေထဲမှာ အမြင့်ဆုံးဖြစ်ပါတယ်။

ဒီအချက်တွေက လူငယ်တွေရဲ့ အသက်မွေးဝမ်းကျောင်းပုံစံဟာ ကုမ္ပဏီတစ်ခုမှာ အလုပ်တစ်ခုတည်းကို အားထားတဲ့ပုံစံကနေ၊ အလုပ်နဲ့ ဝင်ငွေရလမ်းကြောင်း အမျိုးမျိုးကို တစ်ပြိုင်နက်တည်း တည်ဆောက်တဲ့ပုံစံ ဆီ ပြောင်းလဲလာနေကြောင်း ပြသပါတယ်။

 

ဩစတြေးလျက လူငယ်တွေ အလုပ်နှစ်ခု ပိုလုပ်လာကြ

၂၀၂၆ ခုနှစ် မတ်လအချက်အလက်အရ ဩစတြေးလျမှာ လူပေါင်း ၉၇၈,၀၀၀ ခန့် ဟာ အလုပ်တစ်ခုထက်ပိုလုပ်နေကြပြီး၊ အသက် ၂၀–၂၄ နှစ် အုပ်စုမှာ ၁၀.၃ ရာခိုင်နှုန်း နဲ့ အမြင့်ဆုံး ဖြစ်ပါတယ်။

အလုပ်နှစ်ခုလုပ်သူတွေဟာ တစ်ပတ်ကို ပျမ်းမျှ ၃၉.၃ နာရီ အလုပ်လုပ်ကြပြီး အလုပ်တစ်ခုတည်းလုပ်သူတွေထက် ၄.၅ နာရီခန့် ပိုများပါတယ်။

အလုပ်ပိုလုပ်လာတာနဲ့အမျှ အနားယူချိန်ကတော့ လျော့လာပါတယ်။

အိန္ဒိယ - အပိုအလုပ်က အသက်မွေးဝမ်းကျောင်းပုံစံ ဖြစ်လာ

၂၀၂၅ ခုနှစ် Randstad India အချက်အလက်အရ အိန္ဒိယ Gen Z လူငယ်တွေရဲ့ ၄၃ ရာခိုင်နှုန်း က အချိန်ပြည့်အလုပ်နဲ့ အပိုအလုပ် တွဲလုပ်တဲ့ပုံစံကို နှစ်သက်ကြပြီး၊ အချိန်ပြည့်အလုပ်တစ်ခုတည်းကို ရွေးချယ်သူက ၁၆ ရာခိုင်နှုန်း သာ ရှိပါတယ်။

ဒါကြောင့် အပိုအလုပ်ဟာ ဝင်ငွေဖြည့်တင်းတဲ့နည်းလမ်းတစ်ခုကနေ ဝင်ငွေရလမ်းကြောင်း အမျိုးမျိုးတည်ဆောက်တဲ့ အသက်မွေးဝမ်းကျောင်းပုံစံ ဖြစ်လာနေပါတယ်။

ဖိလစ်ပိုင် - အပိုဝင်ငွေနဲ့ အချိန်လွတ်လပ်မှု

Ipsos ရဲ့ ၂၀၂၅ စစ်တမ်းအရ ဖိလစ်ပိုင်မှာ အလုပ်တစ်ခုချင်းစီအလိုက် လုပ်ကိုင်သူ ၁,၅၀၀ ထဲက ၅၉ ရာခိုင်နှုန်း က အပိုဝင်ငွေရဖို့ လုပ်ကိုင်ကြပါတယ်။ ၄၇ ရာခိုင်နှုန်း က ကိုယ့်အလုပ်ချိန်ကို ကိုယ်စီမံနိုင်တာကို နှစ်သက်ကြပြီး ၃၅ ရာခိုင်နှုန်း က နေရာမရွေး အလုပ်လုပ်နိုင်တာကို အားသာချက်အဖြစ် မြင်ကြပါတယ်။

အွန်လိုင်းအကူဝန်ဆောင်မှု၊ Content ဖန်တီးမှု၊ အွန်လိုင်းရောင်းချမှုနဲ့ အလွတ်တန်းအလုပ်တွေကလည်း အပိုဝင်ငွေရလမ်းတွေ ဖြစ်လာနေပါတယ်။

အလုပ်နှစ်ခုရဲ့ အကျိုးအဆက်

ပိုက်ဆံနဲ့ ဝယ်လိုက်ရတဲ့ အရာတစ်ခုရှိပါတယ်။ အဲ့ဒါကအချိန်ဖြစ်ပါတယ်။ အလုပ်နှစ်ခုလုပ်တဲ့လူတစ်ယောက်အတွက် ပျောက်သွားတာဟာ အားလပ်ချိန်တစ်ခုတည်း မဟုတ်ပါဘူး။

အိပ်ချိန် လျော့တယ်။မိသားစုနဲ့တွေ့ချိန် လျော့တယ်။သူငယ်ချင်းတွေနဲ့ တွေ့ချိန် လျော့တယ်။ကိုယ်ဝါသနာပါတဲ့အရာလုပ်ဖို့ အချိန် လျော့တယ်။တစ်ခါတစ်ရံ ဘာမှမလုပ်ဘဲ နေဖို့တောင် အချိန်မရှိတော့ပါဘူး။

ဩစတြေးလျ ABS ရဲ့ 2026 data မှာ Multiple Job Holders တွေဟာ ပင်မအလုပ်မှာ တစ်ပတ်ပျမ်းမျှ 30 နာရီ၊ ဒုတိယအလုပ်မှာ 9.3 နာရီ အလုပ်လုပ်ကြပါတယ်။ အလုပ်တစ်ခုတည်းလုပ်သူတွေထက် စုစုပေါင်းအလုပ်ချိန်က 4.5 နာရီခန့် ပိုများပါတယ်။

ဒီကိန်းဂဏန်းတွေထဲမှာ မပါသေးတာက

 အလုပ်ကို သွားလာရတဲ့အချိန်၊ အလုပ်ပြီးလို့ အိမ်ရောက်တဲ့အခါ ပြန်အားယူရတဲ့အချိန်၊ နောက်တစ်နေ့အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ရတဲ့အချိန်တွေပါ။


ပင်ပန်းပေမယ့် ဘာကြောင့် မရပ်တန့်ကြသလဲ

အကြောင်းရင်းက ရိုးရိုးလေးပါ။ အပိုဝင်ငွေကို လိုအပ်နေကြတာပါ။ Bankrate ရဲ့ စစ်တမ်းအရ Side Hustle လုပ်သူတွေရဲ့ ၃၅ ရာခိုင်နှုန်း က အဲဒီကနေ ရရှိတဲ့ အပိုဝင်ငွေကို နေ့စဉ်လူနေမှုစရိတ်တွေ ကာမိဖို့ အသုံးပြုကြပါတယ်။ ၂၀ ရာခိုင်နှုန်း ကတော့ အကြွေးတွေ ဆပ်ဖို့ အသုံးပြုကြပါတယ်။ဒါ့အပြင် ၂၉ ရာခိုင်နှုန်း က လက်ရှိလုပ်နေတဲ့ အပိုအလုပ်မရှိဘဲ အနာဂတ်မှာ ကိုယ့်ဘဝကို ငွေကြေးအရ ရပ်တည်နိုင်မယ်လို့ မယုံကြည်ကြပါဘူး။

ဒါကြောင့် Side Hustle ကို “အပိုအလုပ်” လို့ ခေါ်တာတောင် တချို့လူတွေအတွက် မမှန်တော့ပါဘူး။သူတို့အတွက် အဲဒါက အပိုဝင်ငွေရှာဖို့ လုပ်တဲ့အလုပ်တစ်ခုထက်ပိုပြီး နေ့စဉ်ဘဝကို ဆက်လက်ရပ်တည်နိုင်ဖို့ လိုအပ်တဲ့ ဝင်ငွေရင်းမြစ်တစ်ခု ဖြစ်နေပါတယ်။သူတို့အတွက် ဒါဟာ အပိုဝင်ငွေတောင်မဟုတ်ပါဘူး။ ဘဝရဲ့ လိုအပ်ချက်လိုကို ကိုဖြစ်လာနေတာပါ။ 

ကိုးကားစာရင်း

  • Substack

  • Bankrate, Side Hustle Survey, 2025.

  • Bankrate, Fewer Americans Have a Side Hustle in 2025, 2025.

  • Australian Bureau of Statistics (ABS), Multiple Job-holders, March 2026.
  • Australian Bureau of Statistics (ABS), Multiple Job-holders Methodology, March 2026.
  • Australian Bureau of Statistics (ABS), Jobs Statistics.

User login

  • Reset your password

Update News

AI ကြောင့် ပိတ်မိလာတဲ့ ဦးနှောက်တွေ
Ai ကိုသုံးရင်း မိမိဦးနှောက်ကိုပါ အလုပ်ပေးပါ
ဝါသနာကပေးတဲ့ ဝမ်းစာ
အသက်မွေးဝမ်းကျောင်းပုံစံတွေကပါ ပြောင်းလဲလာပြီ
ရန်ကုန်မြေနဲ့ ငလျင် အန္တရာယ်
 ငလျင်ကော်မတီက ဒုတိယဥက္ကဌ ဦးစောထွေးဇော်
သတင်းနှင့် ဖျော်ဖြေရေး
Meta ပေးဆောင်ရမယ့် ဒေါ်လာ ၉၄၂ သန်းဆိုတာ စွဲချက်နှစ်ခုက စီရင်ချက် နှစ်ခုကိုပေါင်းထားတာပါ။

Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို သိလျက်နဲ့ ထိခိုက်စေခဲ့တာ၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရတာတွေကို မတားဆီးဘဲ မျက်ကွယ်ပြုခဲ့တာတွေအတွက် ဒေါ်လာ ၉၄၂ သန်း (၁ ဘီလီယံနီးပါး) ပေးဆောင်ဖို့ အမေရိကန် တရားရုံးက အမိန့်ချမှတ်ပါတယ်။

Button Layout

Button Layout

Button Layout

Footer Main

Thanks for visiting us.