- 16 views
ဘန်ကောက်ရဲ့ Vintage လှိုင်းအသစ်
Mall တွေကျသွားချိန်မှာ Flea Market တွေ ဘာကြောင့် အောင်မြင်နေလဲ
Shopping Mall တွေနဲ့ Fast Fashion ဆိုင်တွေ ပေါများနေတဲ့ ဘန်ကောက်မြို့ကြီးမှာ လူငယ်တွေနဲ့ ဖက်ရှင်ချစ်သူတွေဟာ စျေးသက်သာတဲ့ အဟောင်းပစ္စည်းစျေးကွက်တွေကို ဘာကြောင့် ပိုမက်မောလာကြတယ်ထင်ပါသလဲ။
အဖြေက ရှင်းပါတယ် အဲ့ဒီစျေးတွေဟာ ရိုးရိုးတန်းတန်း အဟောင်းပစ္စည်းဈေးလေတွေပဲ မဟုတ်တော့ဘဲ၊ DJ သီချင်းသံတွေကြားမှာ လူသောင်းနဲ့ချီ ပျော်ကြတဲ့ စျေးရောင်းပွဲတော်တွေ အသွင်ကူးပြောင်းလာလို့ပဲဖြစ်ပါတယ်။
ဘန်ကောက်မှာ shopping mall တွေက ငှားရမ်းသူ ရှားလာနေချိန်မှာ၊ ဆန့်ကျင်ဘက်ဖြစ်တဲ့ flea market ကဏ္ဍကတော့ တိုးတက် ကြီးထွားနေပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက Vudi Somboonkulavudi စတင်ခဲ့တဲ့ Made By Legacy ကို ဥပမာယူရင် တစ်ကြိမ်ကျင်းပတိုင်း လူပေါင်း ၁၅,၀၀၀ ခန့် တက်ရောက်ပြီး၊ ဈေးဆိုင်ပေါင်း ၂၅၀ ဝန်းကျင် ပါဝင်တဲ့ ပွဲကြီးတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဒါတွေက အဟောင်းပစ္စည်းရောင်းရုံသက်သက်တင်မကပဲ ထိုင်းဒီဇိုင်နာအသစ်တွေအတွက် ပရိသတ်နဲ့ တိုက်ရိုက် ချိတ်ဆက်ခွင့်ရတဲ့ platform တစ်ခုဖြစ်လာပြီး၊ mall တွေမှာ မရနိုင်တော့တဲ့ "Human Connection" လူတွေရင်းနှီးဆက်ဆံခွင့်ရတဲ့ အသိုက်အဝန်းတစ်ခုကို ဖန်တီးရာလည်းကျပါတယ်။
ဘန်ကောက်ရဲ့ retail landscape ဟာ ကူးပြောင်းဆဲကာလထဲ ရောက်နေပါတယ်။ Mall ကြီးတွေဟာ ဆိုင်ခန်းငှားရမ်းသူတွေ ရှာရခက်လာနေချိန်မှာ၊ flea market တွေကတော့ လူစည်ကားနေပါတယ်။ ဒါက ခေတ်ရိုးရိုး trend တစ်ခုသာမဟုတ်တော့ပဲ consumer behaviour ပြောင်းလဲနေတာကို ထင်ဟပ်နေတာဖြစ်ပါတယ်။ လူတွေက ဈေးဝယ်ရုံသက်သက်ထက် အတွေ့အကြုံ ကိုပိုရှာနေကြပါတယ်။
အဟောင်းစျေးကွက်တွေဘယ်လိုစသလဲ
Flea market ဆိုတာ ထိုင်းနိုင်ငံအတွက် အသစ်တော့ မဟုတ်ပါဘူး။အချက်အလက်တွေကို လေ့လာကြည့်ရအောင်ပါ။
၁၉၄၀ ပြည့်လွန်နှစ်များ - တော်ဝင်နန်းတော်ဘေးက ဈေးဆိုင်တန်းလေးတွေနဲ့ စတင်
၁၉၈၀ ပြည့်လွန်နှစ်များ - နာမည်ကျော် Chatuchak Weekend Market တည်ထောင်
၂၀၁၂ ခုနှစ် - Made By Legacy စတင်ခဲ့ပြီး Flea Market ကို "Retail Festival" ပုံစံသစ်သို့ ပြောင်းလဲ
ဒီလိုစျေးကွက်တွေက နေရာဒေသအလိုက်လည်း ပုံစံတွေလည်း ကွဲပြားပါတယ်။ ဥပမာ Khao Yai ဒေသဆိုရင် စစ်ဝတ်စုံဟောင်းတွေ၊ တံဆိပ်တွေနဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေအတွက် နာမည်ကြီးပါတယ်။
Made By Legacy ဘယ်လိုအလုပ်လုပ်လဲ
https://www.youtube.com/watch?v=Mi3My6qL4kY
Made By Legacy ဆိုတာ Vudi Somboonkulavudi (အသက် ၄၂ နှစ်) က ၂၀၁၂ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့တဲ့ ဘန်ကောက်ရဲ့ ထင်ရှားတဲ့ Flea Market တစ်ခုပါ။ တစ်ကြိမ်ကျင်းပတိုင်း ပျမ်းမျှလူပေါင်း ၁၅,၀၀၀ ခန့် တက်ရောက်ကြပြီး၊ ဆိုင်ခန်း ၂၅၀ ဝန်းကျင် ပါဝင်ပါတယ်။ Warehouse၊ Rooftop နဲ့ ကားပါကင်နေရာများမှာ အလှည့်ကျ ကျင်းပလေ့ရှိပြီး၊ Vintage clothing၊ mid-century furniture၊ စားစရာနဲ့ local fashion label များအထိ ရောင်းချကြပါတယ်။
Somboonkulavudi ကိုယ်တိုင်ကလည်း Vintage ဝါသနာပါသူတစ်ဦးပါ။ "ကျွန်တော်က shopper တစ်ယောက်ပါ၊ ဒါပေမဲ့ mall တွေကို မကြိုက်ဘူး" လို့ သူပြောပါတယ်။ သူ့ဝါသနာကို အဖေဆီကနေ ဆက်ခံရရှိခဲ့တာဖြစ်ပြီး၊ ခေတ်မမီတော့တဲ့ ဈေးဝယ်အလေ့အထကို ညနေချိန်ထိ ကျင်းပတဲ့ DJ ဂီတသံတွေ နဲ့ အဖျော်ယမကာပါတဲ့ စျေးဝယ်ပွဲတော်ကြီးအဖြစ်် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။
ဒီဇိုင်နာအသစ်တွေအတွက် အခွင့်အလမ်းသစ်
Flea Market တွေဟာ ဟောင်းပစ္စည်းရောင်းချရာနေရတင်မကပဲ ထိုင်းဒီဇိုင်နာလက်သစ်တွေအတွက် စမတ်ဖြစ်တဲ့ပလက်ဖောင်းလည်း ဖြစ်ပါတယ်။
ဒီအခြေအနေအတွက် Local Made Goods ဆိုတဲ့ ၂၀၂၄ ခုနှစ်က တည်ထောင်ခဲ့တဲ့ အမှတ်တံဆိပ် တစ်ခုက ဥပမာကောင်းတစ်ခုလို့ပြောလို့ရပါတယ်။ သူတို့က Welder jacket၊ ထသွားထလာ အဝတ်တွေနဲ့ လက်ဆောင်ပစ္စည်းတွေကို ထိုင်း ရိုးရာစက်ချုပ်သမားတွေနဲ့ ထုတ်လုပ်ပါတယ်။
Local Made Goods ကို တည်ထောင်ခဲ့သူတွေဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် "အရူ" (Aroou) နဲ့ "မီလီ" (Milly) ဆိုတဲ့ လူငယ်နှစ်ဦးကို Made By Legacy ရဲ့ တည်ထောင်သူ Vudi Somboonkulavudi ကိုယ်တိုင် ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့ရဲ့ Vintage-inspired label အသစ်ကို Made By Legacy Flea Market ထဲမှာ ပါဝင်ရောင်းချနိုင်ဖို့ အခွင့်အလမ်းပေးလိုက်တာဖြစ်ပါတယ်။
ဒါဟာ Somboonkulavudi အနေနဲ့ ဟောင်းပစ္စည်းရောင်းချရာနေရာသက်သက်မက၊ ထိုင်းဒီဇိုင်နာလက်သစ်တွေအတွက်ပါ အခွင့်အလမ်း ဖန်တီးပေးနေတယ်ဆိုတဲ့အခြေအနေမျိုးပါ။
Local Made Goods ရဲ့ တွဲဖက်တည်ထောင်သူ Milly Narakulmongkol ရဲ့ စကားအရ
"အစပိုင်း ၆ လတုန်းက ပစ္စည်းလုံးဝ မရောင်းရသလိုပါပဲ။ ဘာလုပ်နေတာလဲ ဘယ်သူမှ နားမလည်ကြဘူး။ ကျွန်တော်တို့အတွက် စျေးကွက်ကို သွားတာဟာ ရောင်းရေးအတွက် အဓိကမဟုတ်ဘူး။ လူတွေကို တွေ့ဆုံဖို့၊ ချိတ်ဆက်မှုတွေရှာဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဖောက်သည်ဖြစ်လာနိုင်သူတွေနဲ့ တိုက်ရိုက် စကားပြောလို့ ချက်ချင်း Feedback ရတယ်။ ဒါက ကျွန်တော်တို့ ကြီးထွားလာစေတဲ့ နည်းလမ်းပါ။"
ဆိုင်ပိုင်ရှင်ကို တိုက်ရိုက်စကားပြောနိုင်ပြီး idea ဖလှယ်နိုင်တာမျိုးက စျေးဝယ်စင်တာကြီးတွေမှာ မရနိုင်ဘူးလို့ သူပြောပါတယ်။
Local Made Goods ရဲ့ နောက်ခြေလှမ်းကတော့ ၂၀၂၇ ခုနှစ် Paris Fashion Week မှာ showcase ပြသဖို့ ဖြစ်ပါတယ်။
အနာဂတ်လမ်းကြောင်း
Somboonkulavudi ကိုယ်တိုင်လည်း နောက်ထပ်ခြေလှမ်းကို စဉ်းစားနေပါတယ်။ Made By Legacy ရဲ့ ၂၀ ကြိမ်မြောက် ဇွန်လမှာကျင်းပမယ့်ပွဲ အတွက် နေရာသစ်တွေ ရှာနေတဲ့ ခရီးစဉ်တွေအတွင်း၊ အမြဲတမ်းဖွင့်လို့ရမယ့် နေရာတစ်ခု ကို ရှာဖွေနေပါတယ်။
ထိုင်းလူငယ်မျိုးဆက်အတွက် Chatuchak လိုမျိုး ထာဝရနေရာတစ်ခုဖြစ်လာဖို့ ရည်ရွယ်ချက်ပါ။
Source - Monocle
