- 3 views
လူတွေမှာ စိတ်ဖိစီးစရာဖြစ်ရပ်တစ်ခုကြုံလာရင် ထွက်ပြေးမလား၊ ပြန်တိုက်မ လား ဆိုတဲ့ တုံ့ပြန်ချက်က ခန္ဓာကိုယ်ကို သက်ရောက်မှုဖြစ်လာစေပါတယ်။ (Fight or Flight mode)ဒီလိုအချိန်တွေမှာ မှန်မှန်ကန်ကန် တွေးတောနိုင်မှုနဲ့ အာရုံစိုက်နိုင်မှု အားနည်းလာပါတယ်။ စိတ်လှုပ်ရှားမှု များလွန်းပြီး မယုံကြည်တာ၊ အံ့အားသင့်ထိတ်လန့်မှုတွေဖြစ်ပြီးတော့ တုံ့ပြန်လေ့ရှိကြပါတယ်။ စိတ်ရောကိုယ်ပါ မတည်မငြိမ် ဖြစ်တာ၊ ဒေါသဖြစ်တာ၊ ရန်လိုတာ၊ အကြမ်းဖက်တာ၊ ငိုခြင်း၊ အလွန်အမင်းဝမ်းနည်းခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒီအဆင့်မှာ တစ်ခုခုဆို အထိတ်တလန့်ဖြစ်ပြီး ထိန်းမရအောင်ကြောက်စိတ်မွှန်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
