Site branding

Home

Main navigation

  • Home
  • လူမှုဘ၀
  • သတင်းနှင့်ဖျော်ဖြေရေး
  • အင်တာဗျုး
  • ရုပ်သံဆောင်းပါး
  • ပေါ့တ်ကတ်စ် (Podcast)
  • ဒစ်ဂျစ်တယ် အသိပညာ
  • Travel (opens in new tab)
  • About Us

Breadcrumbs

Breadcrumb

  • Home
  • အဲဒီးဒက်စ်၊ နိုက်ကီ၊ ဘာဘရီနဲ့ တကျော့ပြန် Vintage

Main page content

By admin | September 8, 2026
  • 5 views
ဒီဘက်ခေတ် လူငယ်တွေအတွက်ကတော့ Thrifting လုပ်တယ်ဆိုတာ စျေးသက်သက်သာသာနဲ့ အဝတ်အစားဝယ်ယူတယ်ဆိုတဲ့ ရည်ရွယ်ချက်ထက် ပိုပါတယ်။
လူမှုဘ၀

မြန်မာလူငယ်တွေကြားမှာ ဘေထုတ်ကို English လို Thrift, Vintage, Secondhand ရယ်လို့ ပြောင်းလဲခေါ်ဝေါ်လာကြပြီး အောက်ခြေလူတန်းစားသာမက လူလတ်တန်းစားတွေပါ ခုံမင်လာကြတာပါ။ 

နောက်ပြီး အရင်ခေတ်က ဘေထုတ်ဝတ်တယ်ဆိုတာ လူရှေ့မှာ ထုတ်ပြောတာမျိုးကို ရှက်စရာကောင်းတယ်လို့ သတ်မှတ်ခဲ့ကြပေမယ့် အခုခေတ်မှာတော့ ဘေထုတ်ရွေးတာ၊ ဘေထုတ်ထဲက Brand ထည်တွေ၊ ခေါင်အထည်တွေနဲ့ ဖက်ရှင်ကျတဲ့ အဝတ်အထည်တွေ ရွေးယူလာနိုင်တာကိုတောင် Content တွေ ဖန်တီးပြီး ဆိုရှယ်မီဒီယာပေါ်မှာ အပြိုင်အဆိုင် ဖော်ပြကြတဲ့အထိ ပွင့်လင်းမြင်သာလာပါတယ်။

ဒါတင်မကသေးဘဲ ဘေထုတ်ဝတ်တာ၊ ရွေးတာဟာ ခေတ်ရေစီးကြောင်းထဲမှာ ဖက်ရှင်သဖွယ် Trend တစ်ခု ဖြစ်လာပါတယ်။ အခုလို ပြောင်းလဲလာတာ ဘာကြောင့်လို့ထင်ပါသလဲ။

အဓိကအကြောင်းအရင်းတစ်ခုကတော့ ဈေးနှုန်း ပါ။ မြန်မာနိုင်ငံမှာ အစစအရာရာ ကုန်စျေးနှုန်းတွေ မြင့်မားလာတဲ့အခါ လူငယ်တွေဟာ ငွေကြေးဖူလုံမှု အားနည်းလာပြီး အဝတ်အစားတော့ ဖက်ရှင်ကျအောင် ဝတ်ဆင်ချင်ကြပေမယ့် အသစ်ထည်တွေကို စျေးကြီးပေးပြီး လစဥ် ဒါမှမဟုတ် စိတ်ရှိတိုင်း ဝယ်ယူဖို့ရာ မဖြစ်နိုင်တော့ပါဘူး။ အသစ်ထည်တစ်ထည်ရဲ့ စျေးနှုန်းဟာ ဘေထုတ်တန်းမှာ အထည်အတော်များများ ရနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ 

နောက်ထပ်အကြောင်းအရင်းတစ်ခုကတော့ လူငယ်တွေအတွက် ဖက်ရှင်ယဉ်ကျေးမှုဖြစ်လာတာပါ။ အဲဒါကတော့ Brand ကိုမှ ခေါင်ထည် (အသစ်နီးပါး သန့်တဲ့ အဝတ်အထည်) ရှာဖွေတဲ့ Culture ပါပဲ။ လူငယ်တွေ ဘေထုတ်တန်းမှာ အာရုံစိုက်ပြီး ဘေထုတ်ရွေးနေကြတာဟာ ဒီအတိုင်း တွေ့ရာ ဒီဇိုင်းလှပြီး သစ်သေးတဲ့ အထည်တွေကို ‌ရွေးနေကြတာ မဟုတ်ပါဘူး။ 

ဒီနေ့ ဘေထုတ်တန်းကနေ နာမည်ကြီး တံဆိပ်ကောင်းကိုမှ ခေါင်ထည် ဘာများ ရနိုင်မလဲဆိုတာကို ရွေးကြတာပဲဖြစ်ပါတယ်။ တစ်ခါတလေ ကံကောင်းတဲ့နေ့တွေဆို Adidas, Nike, Burberry, Hugo Boss, Zara, Lacoste, Vans, Uniqlo လို Brand တွေကိုမှ ခေါင်ထည်တွေကို ဘေထုတ်တန်းထဲမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ 

ဒီဘက်ခေတ် လူငယ်တွေအတွက်ကတော့ Thrifting လုပ်တယ်ဆိုတာ စျေးသက်သက်သာသာနဲ့ အဝတ်အစားဝယ်ယူတယ်ဆိုတဲ့ ရည်ရွယ်ချက်ထက် ပိုပါတယ်။

နောက်ထပ် အကြောင်းအရင်းတစ်ခုကတော့ “အတွေးအမြင်ပြောင်းလဲလာခြင်း” ပဲ ဖြစ်ပါတယ်။

အရင်တုန်းကတော့ အဟောင်းထည်ဝတ်တာ၊ သူများ ဝတ်ပြီးသားကြီးဆိုတဲ့ အတွေးအမြင်မျိုးနဲ့ အသစ်ကိုပဲ ဝယ်ယူချင်ကြပေမယ့် ဒီဘက်ခေတ်မှာတော့ လူငယ်တွေက အမြင်ကျယ်လာကြတဲ့အခါ အသစ်အသစ်တွေ ဖန်တီးတာဟာ သဘာဝတရားကြီးရဲ့ ‌ဂေဟစနစ်ကို ဖျက်ဆီးရာရောက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနဲ့ Recycle လုပ်ခြင်း စတဲ့ အလေအလွင့်နည်းနည်းနဲ့ သဘာဝတရားကို ကာကွယ်ဖို့ဆိုရင် အသစ်တွေ ဝယ်ယူသုံးစွဲတာထက် ရှိပြီးသားအဟောင်းကိုပဲ ပြန်လည်မွမ်းမံအသုံးပြုခြင်းက ပိုပြီး အရေးပါကြောင်း နားလည်လာလို့ပဲ ဖြစ်ပါတယ်။ 

Thrifting လုပ်တယ်ဆိုတာ စျေးပေါပေါနဲ့ အဝတ်အစားဝယ်ယူဖို့ သက်သက်မဟုတ်ပါဘူး။ လူငယ်တွေရဲ့ Fashion Culture လည်း ဖြစ်သလို သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ရာလည်း ရောက်ပါတယ်။ 

အခုဆို မြန်မာနိုင်ငံမှာတောင် ဘေထုတ်ဆိုတဲ့ ဝေါဟာရထက် Thrift, Vintage, Pre-loved, Secondhand စတဲ့ စကားလုံးတွေကို ပြောင်းလဲအသုံးပြုနေကြပြီ ဖြစ်ပါတယ်။ 

User login

  • Reset your password

Update News

ဝါသနာကပေးတဲ့ ဝမ်းစာ
အသက်မွေးဝမ်းကျောင်းပုံစံတွေကပါ ပြောင်းလဲလာပြီ
ရန်ကုန်မြေနဲ့ ငလျင် အန္တရာယ်
 ငလျင်ကော်မတီက ဒုတိယဥက္ကဌ ဦးစောထွေးဇော်
အဲဒီးဒက်စ်၊ နိုက်ကီ၊ ဘာဘရီနဲ့ တကျော့ပြန် Vintage
ဒီဘက်ခေတ် လူငယ်တွေအတွက်ကတော့ Thrifting လုပ်တယ်ဆိုတာ စျေးသက်သက်သာသာနဲ့ အဝတ်အစားဝယ်ယူတယ်ဆိုတဲ့ ရည်ရွယ်ချက်ထက် ပိုပါတယ်။
သတင်းနှင့် ဖျော်ဖြေရေး
Meta ပေးဆောင်ရမယ့် ဒေါ်လာ ၉၄၂ သန်းဆိုတာ စွဲချက်နှစ်ခုက စီရင်ချက် နှစ်ခုကိုပေါင်းထားတာပါ။

Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို သိလျက်နဲ့ ထိခိုက်စေခဲ့တာ၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရတာတွေကို မတားဆီးဘဲ မျက်ကွယ်ပြုခဲ့တာတွေအတွက် ဒေါ်လာ ၉၄၂ သန်း (၁ ဘီလီယံနီးပါး) ပေးဆောင်ဖို့ အမေရိကန် တရားရုံးက အမိန့်ချမှတ်ပါတယ်။

Button Layout

Button Layout

Button Layout

Footer Main

Thanks for visiting us.