Site branding

Home

Main navigation

  • Home
  • လူမှုဘ၀
  • သတင်းနှင့်ဖျော်ဖြေရေး
  • အင်တာဗျုး
  • ရုပ်သံဆောင်းပါး
  • ပေါ့တ်ကတ်စ် (Podcast)
  • ဒစ်ဂျစ်တယ် အသိပညာ
  • Travel (opens in new tab)
  • About Us

Breadcrumbs

Breadcrumb

  • Home
  • ဒေါ်လာဘီလီယံချီလျော်ရပြန်တဲ့ ဖေ့စ်ဘွတ် ကုမ္ပဏီ

Main page content

By yangonpedia | August 7, 2026
  • 7 views
Meta ပေးဆောင်ရမယ့် ဒေါ်လာ ၉၄၂ သန်းဆိုတာ စွဲချက်နှစ်ခုက စီရင်ချက် နှစ်ခုကိုပေါင်းထားတာပါ။
သတင်းနှင့်ဖျော်ဖြေရေး

Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို သိလျက်နဲ့ ထိခိုက်စေခဲ့တာ၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရတာတွေကို မတားဆီးဘဲ မျက်ကွယ်ပြုခဲ့တာတွေအတွက် ဒေါ်လာ ၉၄၂ သန်း (၁ ဘီလီယံနီးပါး) ပေးဆောင်ဖို့ အမေရိကန် တရားရုံးက အမိန့်ချမှတ်ပါတယ်။

ဒီစီရင်ချက်ဟာ ဆိုရှယ်မီဒီယာလုပ်ငန်းကြီးတွေကို ကလေးတွေရဲ့ လုံခြုံရေးအတွက် တရားဥပဒေအရ အပြည့်အဝ တာဝန်ယူစေတဲ့ အမှုတစ်ခုလည်း ဖြစ်ပါတယ်။

ဒဏ်ကြေးတွေကို ဘယ်လိုခွဲခြားလဲ

Meta ပေးဆောင်ရမယ့် ဒေါ်လာ ၉၄၂ သန်းဆိုတာ စွဲချက်နှစ်ခုက စီရင်ချက် နှစ်ခုကိုပေါင်းထားတာပါ။

  • ပထမစွဲချက် (၂၀၂၆ မတ်လ) 
    Meta ဟာ ပလက်ဖောင်းရဲ့ အန္တရာယ်တွေကို သိထားပေမဲ့ ဖုံးကွယ်ခဲ့လို့ဆိုပြီး ဂျူရီအဖွဲ့က ဒေါ်လာ ၃၇၅ သန်း စတင် ပြစ်ဒဏ်ခတ်ခဲ့ပါတယ်။
     
  • ဒုတိယအဆင့် (၂၀၂၆ သြဂုတ်လ ၆ ရက်) 
    တရားသူကြီးက Meta ရဲ့ လုပ်ရပ်ကို "ပြည်သူ့အနှောင့်အယှက်" လို့ သတ်မှတ်ပြီး မူလဒဏ်ကြေးထက် ထက်ဝက်ကျော် ပိုများတဲ့ ဒေါ်လာ ၅၆၇ သန်း ထပ်မံ ဒဏ်ကြေးရိုက်ခဲ့ပါတယ်။
ပြဿနာက ဘယ်ကစခဲ့တာလဲ

ဒီအမှုဟာ ရုတ်တရက် ပေါ်လာတာ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ်မှာ Meta ဝန်ထမ်းဟောင်း Frances Haugen က အရေးကြီး စာရွက်စာတမ်းတွေကို ဖော်ထုတ်လိုက်ရာကစလို့ Instagram ဟာ မိန်းကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ယုံကြည်မှုကို ပိုဆိုးစေမှန်း Meta ဘက်က ကြိုသိထားတယ်ဆိုတာ ပေါ်ထွက်လာခဲ့ပါတယ်။

အဲဒီနောက် ပြည်နယ် ၄၀ ကျော်က ရှေ့နေချုပ်တွေနဲ့ မိဘတွေက Meta ရဲ့ အယ်လ်ဂိုရစ်သမ်တွေဟာ ကလေးတွေကို စွဲလမ်းအောင် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားတယ်ဆိုပြီး စုပေါင်း တရားစွဲခဲ့ကြတာ ဖြစ်ပါတယ်။

ငွေတွေကို ဘယ်လိုသုံးပြီး Meta ဘာတွေ ပြောင်းရမလဲ

ဒဏ်ကြေးထဲက ဒေါ်လာ ၄၂၀ သန်းကို ထိခိုက်နစ်နာခဲ့ရတဲ့ ကလေးတွေရဲ့ စိတ်ကျန်းမာရေး ကုသမှုအတွက် ချက်ချင်း သုံးရမှာပါ။ ကျန်ငွေတွေကိုတော့ လာမယ့် ၅ နှစ်အတွင်း အသိပညာပေးတာနဲ့ ကာကွယ်ရေး လုပ်ငန်းတွေမှာ သုံးစွဲသွားမှာဖြစ်ပါတယ်။

ဒါဟာ ကလေးတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေရတဲ့ မိဘတိုင်းအတွက် အောင်ပွဲပဲ - ရှေ့နေချုပ် Raúl Torrez

ဒါ့အပြင် Meta အနေနဲ့ 

ကလေးတွေ ဆိုရှယ်မီဒီယာပေါ် အချိန်အလွန်အကျွံ မကုန်အောင် သုံးချိန်နဲ့ Notification တွေကို ကန့်သတ်ရမယ်။
လူကြီးအကောင့်တွေကနေ ကလေးတွေဆီ မလိုလားဘဲ တိုက်ရိုက် ဆက်သွယ်တာကို တားဆီးရမယ်။
AI Chatbot တွေ ကလေးတွေကို လမ်းလွဲမရောက်အောင် စောင့်ကြည့်ရမယ် ဆိုပြီး တရားရုံးက ညွှန်ကြားထားပါတယ်။
(အသက်အရွယ်အတည်ပြုရေးကို စနစ်ကျအောင် လုပ်ခိုင်းပေမဲ့ ၁၃ နှစ်အောက် ကလေးတွေရဲ့ Data တွေကို ပိုကောက်ရမယ့် မဖြစ်မနေ အတည်ပြုစနစ်ကိုတော့ ဖက်ဒရယ် ကလေးဥပဒေ COPPA နဲ့ ငြိစွန်းနိုင်လို့ တရားရုံးက ပယ်ချခဲ့ပါတယ်)

New Mexico ပြည်နယ် ရှေ့နေချုပ် Raúl Torrez ကတော့ "ဒါဟာ ကလေးတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေရတဲ့ မိဘတိုင်းအတွက် အောင်ပွဲပဲ" လို့ ဆိုပါတယ်။ Meta ဘက်ကတော့ ဒီစီရင်ချက်ကို မကျေနပ်ဘဲ အယူခံ ဆက်ဝင်မယ်လို့ ပြောထားပါတယ်။

လက်ရှိမှာလည်း Meta အပါအဝင် TikTok, Snap နဲ့ YouTube တို့ဟာ အလားတူ ကလေးသူငယ် စိတ်ကျန်းမာရေးဆိုင်ရာ တရားစွဲဆိုမှုအသစ်တွေနဲ့ ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

သတင်းရင်းမြစ်များ 

  • NPR ၊ ABC11 News  

User login

  • Reset your password

Update News

ဝါသနာကပေးတဲ့ ဝမ်းစာ
အသက်မွေးဝမ်းကျောင်းပုံစံတွေကပါ ပြောင်းလဲလာပြီ
ရန်ကုန်မြေနဲ့ ငလျင် အန္တရာယ်
 ငလျင်ကော်မတီက ဒုတိယဥက္ကဌ ဦးစောထွေးဇော်
အဲဒီးဒက်စ်၊ နိုက်ကီ၊ ဘာဘရီနဲ့ တကျော့ပြန် Vintage
ဒီဘက်ခေတ် လူငယ်တွေအတွက်ကတော့ Thrifting လုပ်တယ်ဆိုတာ စျေးသက်သက်သာသာနဲ့ အဝတ်အစားဝယ်ယူတယ်ဆိုတဲ့ ရည်ရွယ်ချက်ထက် ပိုပါတယ်။
သတင်းနှင့် ဖျော်ဖြေရေး
Meta ပေးဆောင်ရမယ့် ဒေါ်လာ ၉၄၂ သန်းဆိုတာ စွဲချက်နှစ်ခုက စီရင်ချက် နှစ်ခုကိုပေါင်းထားတာပါ။

Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို သိလျက်နဲ့ ထိခိုက်စေခဲ့တာ၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရတာတွေကို မတားဆီးဘဲ မျက်ကွယ်ပြုခဲ့တာတွေအတွက် ဒေါ်လာ ၉၄၂ သန်း (၁ ဘီလီယံနီးပါး) ပေးဆောင်ဖို့ အမေရိကန် တရားရုံးက အမိန့်ချမှတ်ပါတယ်။

Button Layout

Button Layout

Button Layout

Footer Main

Thanks for visiting us.