Site branding

Home

Main navigation

  • Home
  • လူမှုဘ၀
  • သတင်းနှင့်ဖျော်ဖြေရေး
  • အင်တာဗျုး
  • ရုပ်သံဆောင်းပါး
  • ပေါ့တ်ကတ်စ် (Podcast)
  • ဒစ်ဂျစ်တယ် အသိပညာ
  • Travel (opens in new tab)
  • About Us

Breadcrumbs

Breadcrumb

  • Home
  • အွန်လိုင်းအလိမ်ညာတွေကို ဒီနည်းတွေနဲ့ရှောင်

Main page content

By admin | August 27, 2026
  • 12 views
မိသားစုနဲ့ ကိုယ်တိုင်အလိမ်မခံရအောင် ဒီနည်းလမ်းတွေနဲ့ကာကွယ်ပါ
Digital အသိပညာ

“သမီးလေးနေမကောင်းလို့” 
“ကျောက်ကပ်ဆေးနေရလို့”
“စားစရာမရှိတော့လို့” ကေပေးဖြစ်ဖြစ် Wave Pay ဖြစ်ဖြစ် လွှဲပေးကြပါဦးဆိုတဲ့ သနားစဖွယ်ဖြစ်အောင် အလှုခံကြတဲ့ပို့်စ်တွေကိုတွေ့ဖူးကြပါလိမ့်မယ်။ 

လူတွေရဲ့သနားညှာတာမှုကိုအသုံးချလိမ်မ်ညာပြီးငွေကြေးရယူဖို့ကြိုးစားနေတဲ့သူတွေနဲ့ အစုအဖွဲ့တွေဒီနောက်ပိုင်းပြည်တွင်း ဆိုရှယ်ဒီယာပလက်ဖောင်းတွေမှာ ဒုနဲ့ဒေးရှိနေပါတယ်။

နောက်ပုံစံတမျိုးလည်းရှိပါသေးတယ်။ ရေဘေးကိုလှုဖို့၊ ပရဟိတကျောင်းက ကလေးလေးတွေစားစရာမရှိတော့လို့၊ ဘိုးဘွားရိပ်သာမှာ ဆန်မလောက်တော့လို့ဆိုတဲ့ ပေ့ချ်တွေလည်း ဒီနောက်ပိုင်းအုံနဲ့ကျင်းနဲ့ပေါ်လာပါတယ်။

ဒီထက်တဆင့်ထပ်သွားကြည့်ရအောင်ပါ။ အဲ့ဒီအဆင့်မှာတော့ လူတွေရဲ့သတင်းစားသုံးမှု၊ ဆုံးဖြတ်မှုတွေကို ဝေဝါးသွားစေအောင်လုပ်ဖို့ကြိုးပမ်းနေတဲ့အဖွဲ့တွေကလည်းရှိနေပါသေးတယ်။ ဒီရက်ပိုင်းမှာပဲ ရေဘေး ဘလော့ဂါတွေကို အမြတ်ငွေ ၃၅ ရာခိုင်နှုန်းကောက်မယ်ဆိုတဲ့သတင်းတွေ၊  ဧရာဝတီမြစ်ထဲပြန်ဝင်တဲ့ လင်းပိုင်တွေကို ပြည်ဝင်ခွင့်မပေးဘူးဆိုပြီး ဟာသဆန်ဆန်ရေးတဲ့သတင်းတွေလည်းရှိနေပါသေးတယ်။

သတင်းတု သတင်းမှား အချက်အလက်မှားတွေကြောင့် လူတွေအုံနဲ့ကျင်းနဲ့ ဒုက္ခရောက်ကြရတဲ့ဖြစ်စဉ်တွေ တကမ္ဘာလုံးမှာကြုံခဲ့ကြပြီးပါပြီ။ အောက်စဖို့ဒ်တက္ကသိုလ်ကထုတ်ဝေတဲ့ သုတေသနစာတမ်းအရ ပြီးခဲ့တဲ့ ကိုဗစ်ကာလအတွင်းမှာပဲ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အမှားတွေကြောင့် အမေရိကန်တနိုင်ငံတည်းမှာ လူပေါင်း ၄၅,၀၀၀ လောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒီတော့ဒီလိုသတင်းတု၊ သတင်းအမှားတွေရဲ့ အန္တရာယ် ကြီးမားလာတာနဲ့အမျှ သတင်းအချက်အလက်တွေကို စစ်ဆေးအတည်ပြုရတာက သတင်းထောက်တွေနဲ့သာ သက်ဆိုင်တဲ့ အရာမဟုတ်တော့ဘဲ လူတိုင်းသိသင့်တဲ့ အရာတစ်ခု ဖြစ်လာပါပြီ။ ဒါက ကိုယ်ကိုယ်တိုင်နဲ့မိသားစုအတွက်ကာကွယ်ရာလည်းရောက်ပါတယ်။

ဒီဆောင်းပါးမှာတော့ ဘယ်လိုရည်ရွယ်ချက်နဲ့ဖြစ်စေ အတုအယောင်သတင်းအချက်အလက်တွေကို ရှောင်ရှားလို့ရမယ့်နည်းလမ်းတချို့ကို ဝေမျှပေးလိုက်ပါတယ်။။

“ဒီလင့်ကိုနှိပ်” ဆိုတာတွေကိုသတိထားပါ

“အချစ်ကားလေးမန့်မှာရှိတယ်” ဆိုတာတွေအပါအဝင် မင်းသမီးရဲ့ ပုံတွေကြည့်ချင်လား၊ ချေးငွေရဖို့လား၊ ကံစမ်းမဲငွေယူဖို့လား ပုံစံမျိုးစုံနဲ့ဖျားယောင်းထားတဲ့လင့်တွေသင့်ဆီကို ရောက်လာနိုင်ပါတယ်။ အဲ့ဒီအခါမျိုးမှာ သတင်းအချက်အလက်အတုတွေအ‌ယောင်တွေက လင့်တွေကို သတိထားဖို့လို့ပါတယ်။ အွန်လိုင်းကဖျားယောင်းသူတွေဟာ အဲ့ဒီလို လင့်အတုတွေကို အသုံးချပြီး တကိုယ်ရည်အချက်အလက်တွေ၊ ကေပေးအကောင့်နဲ့ တခြားအရေးကြီးတာတွေလိုချင်တဲ့အခါ ဒီလို လင့်အတုတွေကိုအသုံးပြုပြီး ဖျားယောင်းလေ့ရှိပါတယ်။

လူလိမ်တွေကိုရှောင်

ဒီဆောင်းပါးအစပိုင်းမှာပြောထားတဲ့ အလှုခံအယောင်ဆောင်ထားပြီး ၊ ခပ်တည်တည်အလှုခံနေတဲ့ပေ့ချ်တွေအွန်လိုင်းမှာရှိနေပါတယ်။ ဖေ့စ်ဘွတ်နဲ့တစ်တော့လိုနေရာတွေမှာ ပရဟိတအဖွဲ့တွေနဲ့ သံဃာတွေအယောင်ဆောင်ပြီး ခိုကိုးရာမဲ့တွေ၊ မိဘမဲ့ကလေးတွေရဲ့ပုံတွေကိုကူးယူပုံတူပွားတဲ့ပေ့ချ်တွေခုနောက်ပိုင်းများလာပါတယ်။ သူတို့က တကယ်လုပ်နေတဲ့အဖွဲ့တွေက ပုံတွေ ဗီဒီယိုတွေ ကူးတယ်။ ပြီးတဲ့အခါ နာမည်တူပေ့ချ်တွေဖန်တီးပြီး အဲ့ဒီပုံတွေ ဗီဒီယိုတွေကို သနားစဖွယ်စာသားတွေနဲ့ ပြန်တင်ပြီး လိမ်ညာအလှုခံတယ်။ ရလာတဲ့ငွေတွေကို ကိုယ်ကျိုးအတွက်သုံးပါတယ်။ အဆိုးဆုံးကတော့ အဲ့ဒီလိုလိမ်ညာထားတဲ့အကြောင်းအရာတွေကို ဖေ့စ်ဘွတ်ခ်မှာကြောငြာထိုးပြီး လူကြည့်များအောင်လုပ်ပါတယ်။

ဒီလိုပေ့ချ်တွေတွေ့တဲ့အခါ စစ်ဆေးရမယ့်နည်းတွေရှိပါတယ်။ အလွယ်ဆုံးနည်းကတော့ မျက်ရည်ချူတဲ့ခေါင်းစဉ်တွေနဲ့တင်ထားတဲ့အကြောင်းအရာတွေဆို လိမ်ဖို့ရာခိုင်နှုန်းများပါတယ်။ ဥပမာ ဆန်မရှိလို့ ဆန်ပြုတ်ပဲကြွေးနေရပါတယ်၊ ကလေးလေးတွေကိုသနားပါဦး၊ ဒီနေ့တော့ ကျွေးစရာမရှိတော့လို့ ငွေလှူပေးကြပါဦးဆိုတဲ့ပေ့ချ်တွေမြင်ရင် အလိမ်အညာပေ့ချ်လို့သတ်မှတ်နိုင်ပါတယ်။

ဘယ်ကတင်မှန်းမသိတဲ့သတင်းတွေကို ဒီလိုစစ်ပါ

သတင်းအချက်အလက်တခုကို မြင်ရပြီဆိုရင် ကိုယ်ဖတ်နေရတဲ့အကြောင်းအရာတွေကိ ချက်ချင်း ယုံလိုက်တာမျိုး၊ မျှဝေတာမျိုးတွေ မလုပ်ခင် ရင်းအမြစ်ကို စစ်ဆေးဖို့လိုအပ်ပါတယ်။ ကိုယ်တွေ့တဲ့ သတင်းအချက်အလက်ကို တင်ထားတဲ့ Page ကအစစ်လား၊ အကောင့်အနေနဲ့ဆိုရင်ရော နှစ်ရှည်လများသုံးပြီး ပုံတွေအချက်အလက်တွေမှန်ကန်တဲ့အကောင့်ဖြစ်လားဆိုတာ စစ်ဆေးဖို့ဖြစ်ပါတယ်။

တကယ်လို့များ Media လို့နာမည်တပ်ထားတဲ့ Page မျိုးကဖြန့်တာဖြစ်ရင်တောင်အဲ့ဒီ Page ဟာ ဘယ်လိုသတင်းဌာနမျိုးလဲစတဲ့ အဖွဲ့အစည်းရဲ့ နောက်ခံအချက်အလက်တွေ၊ အရင်တုန်းက ဘယ်လိုသတင်းမျိုးတွေ၊ အကြောင်းအရာမျိုးတွေကိုဖော်ပြခဲ့ဖူးလဲဆိုတာကို စစ်ဆေးဖို့လိုပါတယ်။ 

ဘခြောက်လုံး နည်းလမ်း

ဒီနည်းလမ်းက သတင်းရေးသူတွေအတွက်ရော သတင်းဖတ်သူတွေအတွက်ပါအသုံးဝင်ပါတယ်။ သတင်းလို့ခေါ်တဲ့ အချက်အလက်တွေကို စနစ်တကျတည်ဆောက်ထားတဲ့ သတင်းတွေမှာဒီ “ဘ” ခြောက်လုံးကအရေးပါပါတယ် ။

သတင်းဌာနတွေဟာ ဖြစ်ရပ်တခုကို သတင်းရေးသားတော့မယ်ဆိုရင် အဖြစ်အပျက်မှာ ကိုယ်တိုင်ပါဝင်သူတွေ၊ သက်ဆိုင်ရာတာဝန်ရှိသူတွေကို အတည်ပြုမေးမြန်းပြီးမှ ဘခြောက်လုံးနဲ့ ပြည့်စုံအောင် ရေးသားကြပါတယ်။ ဆိုရှယ်မီဒီယာပေါ်က အကြောင်းအရာတွေကတော့ ဒီလိုအတည်ပြုမှုမရှိဘဲ တစိတ်တပိုင်းအချက်အလက်တွေကို ရေးသားဖြန့်ဝေတတ်ကြပါတယ်။

သတင်းတပုဒ် ဖြစ်ဖို့အတွက်ဆိုရင် ဘာဖြစ်တာလဲ (What)၊ ဘယ်သူဖြစ်လဲ (Who)၊ ဘယ်နေရာမှာဖြစ်တာလဲ (Where)၊ ဘယ်အချိန်ဖြစ်တာလဲ (When)၊ ဘာကြောင့်ဖြစ်တာလဲ (Why)၊ ဘယ်လိုဖြစ်တာလဲ (How) ဆိုတဲ့ ဘခြောက်လုံးကိုအခြေခံပြီးဖြန့်ဝေကြရပါတယ်။

တကယ်လို့ ကိုယ်ဖတ်နေရတဲ့သတင်းကအဲ့ဒီ ဘခြောက်လုံးမပြည့်စုံနေရင် ယုံကြည်လို့မရဘူးလို့သတ်မှတ်နိုင်ပါတယ်။ 

AI တွေနဲ့လိမ်ရင် ဒီနည်းသုံးပါ

AI ခေတ်ရောက်လာတဲ့အချိန်မှာ လူတွေကိုလှည့်ဖျားဖို့ AI နည်းပညာတွေကိုလည်းသုံးလာကြပါတယ်။ ရေကြီးတဲ့ Video က အစစ်လာအတုလား၊ ငလျင်လှုပ်တဲ့ဗီဒီယိုက ဘယ်နိုင်ငံကဟာလဲဆိုတာသာမာန်ကြည့်ရှုသူတွေဆုံးဖြတ်ရခက်ပါတယ်။

ဒီလို AI နဲ့ ဖန်တီးထားတဲ့ အကြောင်းအရာတွေ၊ လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာတွေကို ပုံနောက်ခံပြန်ရှာဖွေတဲ့ (reverse image search) tool မျိုးသုံးပြီး ရှာကြည့်လို့ရပါတယ်။ ဗီဒီယိုအတွက်ဆိုရင် InVid WeVerify တို့ကို အသုံးပြုပြီး စစ်ဆေးနိုင်ပါတယ်။ လုပ်တဲ့နည်းတွေကလည်းလွယ်ပါတယ်။ ကိုယ်တွေ့တဲ့ ပုံနဲ့ Video ကို Screen shot ရိုက်၊ ပြီးရင်ရှေ့မှာပြောခဲ့တဲ့ ဝဘ်ဆိုက်တွေမှာ အဲ့ဒီပုံတွေကိုတင်ပြီးရှာလိုက်ရုံပါပဲ။

ကိုယ်အနေနဲ့ ဒီလို tool တွေကို မသုံးတတ်သေးရင် တခြားနည်းတွေလည်းရှိပါတယ်။ အဲ့ဒါကိအရာဝတ္ထုတွေ၊ လူပုဂ္ဂိုလ်တွေရဲ့ အရိပ်ကျရောက်ပုံတွေ၊ လူတွေရဲ့ လှုပ်ရှားပုံတွေက သဘာဝမကျတာတွေ၊ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေက ပြတ်နေတာ၊  ပါးစပ်လှုပ်ရှားပုံတွေက မကိုက်ညီတာတွေကို အသေးစိတ်ကြည့်ရှုပြီး AI နဲ့ဖန်တီးထားတာဟုတ်၊ မိမိအသိနဲ့တင်အကဲဖြတ်ဖို့ဖြစ်ပါတယ်။

သတင်းတပုဒ်လုံးကို ဖတ်ပါ

အွန်လိုင်းပေါ်က အကြောင်းအရာတခုကိုတွေ့ပြီဆိုရင် ခေါင်းစဉ် ကိုပဲ ဖတ်ပြီး မျှဝေတာမျိုး မလုပ်ဘဲ သတင်းတစ်ပုဒ်လုံး၊ အကြောင်းအရာတခုလုံးကို နားလည်အောင် ဖတ်ပြီးမှသာ မျှဝေသင့်ပါတယ်။ 

 Clickbait လို့ခေါ်တဲ့ သတ်မှတ်ထားတဲ့ link ထဲကို ‌ဝင်ကြည့်ဖို့အတွက် ဆွဲဆောင်တဲ့ content တွေဟာ လူတွေရဲ့ စိတ်ခံစားချက်နဲ့ သိချင်စိတ်ကို လှုံဆော်ဖို့ အဓိကဦးတည်ပြီး ခေါင်းစဉ်ကိုရေးသားကြပြီး ခေါင်းစဉ်နဲ့ အတွင်းထဲမှာ ပါဝင်တဲ့ 

အချက်အလက်တွေ လုံးဝကွဲလွဲနေတာမျိုးတွေရှိတတ်ပါတယ်။ ဒါကြောင့်မို့လို့ ခေါင်းစဉ်ပဲဖတ်ပြီး စိတ်ခံစားချက်နဲ့ ချက်ချင်းမျှဝေတာမျိုးတွေကို မလုပ်သင့်ပါဘူး။

 

 

User login

  • Reset your password

Update News

ဝါသနာကပေးတဲ့ ဝမ်းစာ
အသက်မွေးဝမ်းကျောင်းပုံစံတွေကပါ ပြောင်းလဲလာပြီ
ရန်ကုန်မြေနဲ့ ငလျင် အန္တရာယ်
 ငလျင်ကော်မတီက ဒုတိယဥက္ကဌ ဦးစောထွေးဇော်
အဲဒီးဒက်စ်၊ နိုက်ကီ၊ ဘာဘရီနဲ့ တကျော့ပြန် Vintage
ဒီဘက်ခေတ် လူငယ်တွေအတွက်ကတော့ Thrifting လုပ်တယ်ဆိုတာ စျေးသက်သက်သာသာနဲ့ အဝတ်အစားဝယ်ယူတယ်ဆိုတဲ့ ရည်ရွယ်ချက်ထက် ပိုပါတယ်။
သတင်းနှင့် ဖျော်ဖြေရေး
Meta ပေးဆောင်ရမယ့် ဒေါ်လာ ၉၄၂ သန်းဆိုတာ စွဲချက်နှစ်ခုက စီရင်ချက် နှစ်ခုကိုပေါင်းထားတာပါ။

Facebook နဲ့ Instagram တို့ရဲ့ မိခင်ကုမ္ပဏီ Meta ဟာ ကလေးသူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာကို သိလျက်နဲ့ ထိခိုက်စေခဲ့တာ၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်ခံရတာတွေကို မတားဆီးဘဲ မျက်ကွယ်ပြုခဲ့တာတွေအတွက် ဒေါ်လာ ၉၄၂ သန်း (၁ ဘီလီယံနီးပါး) ပေးဆောင်ဖို့ အမေရိကန် တရားရုံးက အမိန့်ချမှတ်ပါတယ်။

Button Layout

Button Layout

Button Layout

Footer Main

Thanks for visiting us.